Home » ကဗျာ » သူများထက်ပိုတဲ့ နားလည်မူ Konten Lain di Sini
သူများထက်ပိုတဲ့ နားလည်မူ
ချစ်သူတိုင်းကတော့ 
စိတ်ဆိုးရန်ဖြစ်ဖူးကြတာပါပဲ
ဒါပေမဲ့ 
သူအရင် စခေါ်
ငါ အရင်စခေါ်ဆိုတဲ့ 
စိတ်ကလေးတွေ မရှိမှ အချစ်က ပိုတာရှည်ခံတက်တာမျိုးပါ.............
သူ့ကြောင့် လည်း ကိုယ်ငိုရသလို
ကိုယ့်ကြောင့်  လည်း သူမျက်ရည်ကြဖူးတယ်...........
ဒါပေမဲ့ 
နှစ်ဦးစလုံး စိတ်မှာ
အမှတ်ထားတာမျိုးမရှိဘူး.......
တခါတလေ ဒါမျိုးတွေဖြစ်တက်တယ်ဆိုတဲ့  နားလည်မူ့ထားနိုင်မှ
သံယောဇဉ်က ပို ကြာရှည်တည်တံ့နေတာမျိုးပါ.................
အားငယ်နေချိန်တိုင်း တမ်းတမိတယ်.....
သူအားငယ်နေရင်လည်း ဖွင့် ဟတိုင်ပင်တယ်....
ဒါပေမဲ့ 
တစ်ဦးကို တစ်ဦး စိတ်ရှုပ်သွားစေလို တဲ့  စိတ်တွေ မရှိကြဘူး......
ဘေးနားမှာ ရှိနေတာပဲဆိုတဲ့  အားကိုးလိုစိတ်ကလေးနဲ့ လေးစားတန်ဖိုးထားနိုင်မူ့လေးတွေရှိနေမှ
စိတ်ချမ်းသာ မူ့လေးတွေက နေ့တိုင်း ရရှိနေနိုင်တာမျိုးပါ................
ကြာရှည်ခံတဲ့  ချစ်သူတွေတိုင်းမှာ
သူများထက်ပိုတဲ့  နားလည်မူ့၊ခွင့်လွှတ်ပေးနိုင်မူ့ ၊အနစ်နာခံမူ့တွေရှိတယ်......
0 comments
Tambahkan Komentar Anda