Home » ကဗျာ » အရင်လို ဒါပင်မဲ့ ငါ Konten Lain di Sini
အရင်လို ဒါပင်မဲ့ ငါ
အရမ်းချစ်တယ်
.............ဒါပေမယ့်
အရင်လို တဖွဖွမပြောတော့ဘူး
အရမ်းလွှမ်းတယ်
............ဒါပေမယ့်
အရင်လို မစောင့်မျှော်တော့ဘူး
အရမ်း ငိုချင်တယ်
...........ဒါပေမယ့်
အရင်လို နင်မသိစေချင်တော့ဘူး
မရေရာတဲ့ မနက်ဖြန်တိုင်းမှာ
သေချာတာတစ်ခုက
ရှင်သန်နေဦးမယ် ငါအချစ်တွေပါပဲ..........ဒါပေမယ့်.....ငါ
အရင်လို မနာကျင်တော့ဘူး ချစ်သူ
အားပေးခဲ့တယ်နော်သငယ်ချင်းလေး
ReplyDelete