ချစ်သူရေ.....
အမှတ်တမဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့တွေ အမှတ်မထင်တွေဆုံလို့
မျက်ဝန်းတွေကတစ်ဆင့်
ချစ်စကားတွေဖလှယ်လို့
ရင်ခုန်သံတွေကို စီးချင်ထိုးခဲ့တယ်
ချစ်ခဲ့ပါတယ် ချစ်သူ
ငါ ရိုးရိုးလေး နင်ကို ချစ်ခဲ့တယ်
အဲဒီအတွက်
ငါထံသို့ ကံကောင်းခြင်းတွေ ရောက်ရှိလာခဲ့တယ်
အဲဒါကတော့
နင်ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေပေါ့
ပျော်ရွှင်ခြင်းတွေနဲ့
ထပ်ပိုးထားတဲ့ နင်အချစ်တွေကို
ငါ ရိုးသားစွာနဲ့ လက်ခံပါတယ်
ဖြူစင်မူတွေနဲ့ ငါဝန်ခံရရင်
ငါကိုယ်တိုင်လည်း နင်ကို ချစ်နေလျှက်ပါနော်
သစ္စတရားတွေနဲ့ ထုပ်ပိုးထားတဲ့
ငါအချစ်တွေကို နင်ထံသို့
လွဲပြောင်းပေးလိုက်ပါပီ ချစ်သူ..................။
0 comments
Tambahkan Komentar Anda