ချစ်သူရေ
တမ်းတမ်းတတနဲ့
ငါရင်ခုန်သံတွေ ဗလောင်ဆူနေချိန်
နင်ဘယ်ရင်ခွင်မှာ မှေးစက်နေလည်း
သတိရလွှမ်းဆွှတ်ခြင်းဆိုတာ
ငါအတွက် တစ်ဖတ်သက်လား.
မျှော်လင့်ချက်ဆိုတာက
အဝေးဆုံးဆိုတဲ့ နေရာလား
ငါချစ်တက်ခဲ့ပါတယ်
ဒါပင်မဲ့
နင်ကတော့
ငါကို မုန်းတက်ဖို့ သင်ပေးနေတယ်
မမုန်းရက်နိုင်တာ ငါရဲ့အားနည်းချက်
နင်ကို မျှော်လင့်နေတဲ့
ငါအဖြစ်က
နင်ရယ်နေစရာဖြစ်နေတော့မှာပေါ့
ချစ်သူ....
သေချာတာတစ်ခုတော့ပြောချင်တယ်
ငါမှာလည်းမာနရှိတယ်...
အဲဒီအတွက်
နင်ထားခဲ့တဲ့နေရာမှာ
နင်ထားခဲ့အတိုင်းရှိနေပင်မဲ့
နင်ကို မချစ်တက်တော့အောင်
ငါမာနတွေအရောင်လဲ့နေတယ်
အဲဒီအတွက်
အမုန်းတွေနဲ့အတူ
နင်စွှန်ပစ်ခဲ့တဲ့နေရာမှာ ဒိတိုင်းလေး ရှိနေတယ်....
0 comments
Tambahkan Komentar Anda