Home » ကဗျာ » အိပ်မရသောည Konten Lain di Sini
အိပ်မရသောည
အလွမ်းရဲ့ည ကောင်းကင်ယံမှာ
သတိရခြင်း မိုးတိမ်တွေက
အုံ့မှိုင်းနေ၏ ။
မျှော်လင့်ခြင်းရဲ့ ငွေလမင်းလည်း
ခရီးလွန်ကာ ထွက်မလာပဲ
ပျောက်နေရှာ၏ ။
ချစ်သောသူ၏ အပြုံးလေးကို
မြင်ချင်သော်လည်း မမြင်ရဘဲ
ဝမ်းနည်းရ၏ ။
အဲသည်ညမှာ လွမ်းဆွတ်တမ်းတ
အိပ်မရဘဲ မိုးစင်စင်သာ
လင်းခဲ့ရ၏ ။
0 comments
Tambahkan Komentar Anda