♥ငါက...
အလှအပတွေ သိပ်မက်တဲ့ နင့်အတွက်
မြင်ရုံနဲ့ငေးရတဲ့ သူတစ်ယောက်မဖြစ်ခဲ့ရင်တောင်
ရင်ခုန်သံသဲ့သဲ့လေး မြန်နိုင်ခဲ့ရင် ငါကျေနပ်ပါတယ်....။
♥လိုအပ်ချက်တွေ သိပ်များတဲ့ နင့်အတွက်...
အလိုအပ်ဆုံး သူတစ်ယောက်မဖြစ်ခဲ့ရင်တောင်
နင်လိုရာသုံးတဲ့ ဂျော်ကာဖဲလေး တချပ်ဖြစ်ခဲ့ရင် ငါကျေနပ်ပါတယ်....။
♥မှတ်သားစရာများတဲ့ နင့်အတွက်
အမှတ်တရဖြစ်ခွင့်ရသူ မဖြစ်ခဲ့ရင်တောင်
အမှတ်တမဲ့ တိုက်ဆိုင်မှု့လေးတွေ ရှိတိုင်း သတိရရင် ငါကျေနပ်ပါတယ်.....။
♥ရည်းစား သိပ်များခဲ့တဲ့ နင့်အတွက်
အချစ်ဦး မဖြစ်ခဲ့ရင်တောင်
အချစ်ဆုံးနဲ့ နောက်ဆုံးအချစ် ဖြစ်ခွင့်ရခဲ့ရင် ငါကျေနပ်ပါတယ်.....။
♥နောက်ဆုံး ...နင်ပြောင်းလဲတတ်လို့
တစ်ပါးသူရင်ခွင်မှာ မပျော်မွေ့ခဲ့ရင်တောင်
ငါပေးခဲ့တဲ့ ငါ့ဓါတ်ပုံလေးကိုကြည့်ပြီး ပြုံးပြနိုင်သေးရင် ငါကျေနပ်ပါတယ်.....။
♥ဟုတ်တယ်....နင့်အတွက်ဆိုရင်
ငါ့ဘ၀ဖြေဆည်မရ ခန္ဓာမြေခ ခဲ့ရင်တောင်
နင့်ကိုတွေ့ဆုံခွင့်ပေးခဲ့တယ် ကံကြမ္မာကို ငါကျေနပ်နိုင်ပါသေးတယ်....။
0 comments
Tambahkan Komentar Anda