တစ်ကယ်လိုသာ



လဲလှယ်လို့သာရမယ်ဆိုရင်
နင်အနားထာဝရ
ခိုနားနိုင်သမျှအချိန်တွေကို
ဒီလောကရှိသမျှ အရာတွေနဲ့လဲချင်တယ်
တန်ဖိုးအဖြစ်သတ်မှတ်ရမ်ယဆိုရင်
ငါရင်ခွင်ကြား
နင်ရှိနေတဲ့အချိန်များဟာ
ဒီစင်္ကြံဝဌာတစ်ခုလုံးမှာ
တန်ဖိုးအရှိဆုံးဖြစ်လိမ့်မယ်
နင်ကိုပိုင်ဆိုင်နိုင်တဲ့အချိန်တွေအားလုံး
သိုလှောင်လိုထားနိုင်မယ်ဆိုရင်
နင်အနားမှာထိုင်
နင်လက်လေးကိုကိုင်ရင်း
ကြည်ကြည်နူးနူးစကားလေးတွေပြောဖို့အတွက်
ငါအသက်ကိုအပေါင်ပေး
အတိုးဘယ်လောက်များများ
ငါကြိုးစားမှာပါ
စက္ကန့်တိုင်းဟာ
နင်နဲ့ငါရဲ့
သမိုင်းဖြစ်ချင်တယ်....။

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini