ယုံကြည်ချက်မဲ့ အချစ်


အရင်တုန်းကတော့ နင့်ကိုမုန်းတဲ့စိတ်နဲ့ ရှင်သန်ခဲ့တယ်...

အခုတော့လေ နင့်ကို ငါကိုယ်တိုင်

အတိတ်မှာပဲ ထားခဲ့တော့မယ်
...
ဒူးထောက်ပြမှ အရှုံးပေးတာ မဟုတ်သလို.

မျက်ရည်ကျပြမှ နာကျင်ကြေကွဲရတာ မဟုတ်ပါဘူး......

ငါတို့နီးစပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်

ငါလိုချင်ခဲ့တာ

နင့်ဘက်ကသေချာတဲ့ခံစားချက်နဲ့

ကမ်းတဲ့လက်ကိုပါငါမညာချင်ပါဘူး

အရင်လိုချစ်နေတုန်းပဲ

ဒါပေမယ့် ယုံကြည်စိတ်မရှိတော့ဘူး

သတိတွေတော့ရပါသေးတယ်

တွေ့ချင်စိတ်တော့မရှိတော့ဘူး..

ခံစားချက်တော့ ရှိနေ ဦးမယ်..ဆိုတာ ယုံပေးပါကွာ......

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini