အဆုံးအစ မရှိတဲ့ ငါ့ချစ်ခြင်း

ချစ်သူ......
နင်နားမလည်နိုင်တဲ့
ငါ့ရဲ့ ချစ်ခြင်းအတွက်
ငိုနေတဲ့ ငါ့ပါးပြင်ပေါ်က
မျက်ရည်ပဲ သက်သေဖြစ်ရတော့်မှာလား ချစ်သူ

ချစ်သူ.......
နင်နားမလည်နိုင်တဲ့
ငါ့မေတ္တာတရားတွေအတွက်
ငါ့ရဲ့ ပေးဆပ်မှုကိုပဲ သက်သေထူရတော့်မှာလားချစ်သူ

ချစ်သူ.......
နင်နားမလည်နိုင်တဲ့
ငါ့ရဲ့ သစ္စာတရားအတွက်
ကျိန်ဆိုခြင်းတစ်ခုပဲ
အထောက်အကူပြုနိုင်တော့်မှာလားချစ်သူ

အချစ်ဆိုတာ ပေးဆပ်ခြင်း ရယူခြင်း
မကင်းပါဘူးချစ်သူ
ချစ်လို့ ပေးဆပ်ထားတယ်
ချစ်လို့ ရယူပိုင်ဆိုင်ထားတယ်ဆိုတာ
သနားခြင်းနဲ့ မြစ်ဖျားမခံပါဘူးချစ်သူ

အချစ် ညီမျှခြင်း သနားခြင်းလဲ မရှိခဲ့ပါဘူးချစ်သူ
ချစ်သူထင်နေတဲ့  ငါ့ရဲ့ အတ္တ အချစ်ဆူးလေးကို
အပြစ်မှူးလို့ ထင်ရင်တော့်
ထင်ရက်သလိုသာ ထင်ပါတော့် ချစ်တဲ့သူ

ငါချစ်ခဲ့တာ အဆုံးအစ မရှိပါဘူး
အချစ်ဆိုတာ အဆုံးအစ မရှိဘူး ထင်ခဲ့တဲ့
ငါ့အတွက်တော့်
စခဲ့ပြီးပါပြီ
အဆုံးသတ်ဆိုတာ ငါ့အသက် ငါ့ခန္ဒာနဲ့
တစ်ထပ်တည်း ရှိနေအုံးမှာပါ ချစ်တဲ့သူရေ

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini