အလွှမ်းတစ္ဆေ
ဘယ် အငြိုးရယ်နဲ့
ဝေ အပါးက မခွါ
အမြဲလာ ခြောက်လန့်နေလဲ
နေ့အခါမှာ ကိုယ်ထင်ပြလို့
ညအခါမှာ အိမ်မက်ဆိုးတွေပေး
အလွှမ်းတစ္ဆေ
ခြောက်လန့်လေတော့
မဖြေနိုင်အလွှမ်းတွေကြား
ယောင်ချာချာဖြစ်ခဲ့ရတယ်
တစ်ယောက်တည်း ဘ၀မှာ
အားငယ်မူနဲ့အတူ
အိမ်မရညတွေများခဲရတယ်
အလွှမ်းရဲ့ခြောက်လန့်မူကြောင့်
စိုးထိတ်မူနဲ့အတူ
ကျခဲ့တဲ့ မျက်ရည်တွေလည်း
များလှပြီလေ အလွှမ်းတစ္ဆေ
ဝေကို သနားရင်ဖြင့်
ဒီစိုးထိတ်ခြင်းများ
ကင်းလွှတ်ခွင့်ပေးပါတော့
အကြိမ်ကြိမ် နှောက်ယှက်မူမှ
လွှတ်မြှောက်ပါစေတော့
အလွှမ်းတစ္ဆေ
0 comments
Tambahkan Komentar Anda