ဖွင့်ပြောမလို့ကြံနေသည်


တစ်ခါတစ်ရံမဟုက်တဲ့ ရင်ခုန်သံတွေနဲံ ငါနင်အပေါ်မှာ သံယောဇဉ်တွယ်မိတယ်ချစ်သူရေ အဲဒီအတွက် ငါနှလုံးသားတွေနာကျင်နေရလည်းအဲဒီနာကျင်မူကို နင်ရဲ့ပျော်ရွှင်ခြင်းတွေနဲ့အစားထိုးပီး ငါပြုံးနေမိမှာပါ ငါရဲ့အချစ်က နင်ရဲ့ဘ၀မှာပထမဆုံးလားနောက်ဆုံးလား ငါမသိပင်မဲ့ ငါရဲ့ ချစ်ခြင်းတရားကတော့ နင်အတွက် ပထမဆုံးဖြစ်သလို နောက်ဆုံးအချစ်လည်း ဖြစ်ခဲ့ရပါတယ် သစ္စာတရားကို သက်သေထားလို့ ငါအသက်ကို စတေးပြီး ငါကျိန်ဆိုရဲတယ်ချစ်သူ ဘာလို့လည်းတော့ နင်မမေးနဲ့နော် လိမ်နေတယ်လို့နင်ထင်မှာ စိုးမိတယ် စိုးရိမ်စိတ်တွေနဲ့ ငါရဲ့ ဆောင်းညတွေမှာနင်ရဲ့အကြောင်းတွေသာ တစ်လည်လည်ဆိုတော့ အိပ်ရေးပျက်တဲ့ညတွေမှာ ရင်ခုန်သံတွေက မြန်ဆန်လွှန်းနေတယ် ကြောင်နေတဲ့ မှိတ်လုံးတွေကို ဇွတ်မှိတ်ပါသော်လည်း  မြင်ယောင်နေတဲ့ နင်မျက်နှာကို ဖြေဖျောက်လို့မရလို့ ငါရဲ့ မျက်တွင်းတွေ နောက်စိကပ်နေပီ...အဲဒီအကြောင်းတွေ နင်ကိုပြောပြခဲ့ရင် နူတ်ခမ်းနှစ်လွှာက ပြုံးနေမလားဒါမှမဟုတ် ပိုလွှန်းတယ်လို့တွှေးပီး လှပတဲ့မျက်ဝန်းတစ်စုံက ငါကို လှောင်ပြောင်နေမလား မေးခွှန်းတွေနဲ့အတူ နင်အနားကို ငါလာခဲ့ဖို့ မရဲဖူးဖြစ်နေတယ် အေးစက်နေတဲ့ လက်တစ်စုံက တုန်တုန်ယင်ယင်နဲ့ အတွေးတွေ ချာချာလည်လည်နေတယ် အားတင်းဖို့ ကိုယ်ကိုယ်ကိုယ် အကြံပေးသော်လည်း အက်ကွဲနေတဲ့နူတ်ခမ်းတစ်စုံက ဖွဟပြောဖို့ မ၀င့်မရဲဖြစ်နေတယ် ခြောက်ကပ်နေတဲ့နူတ်ခမ်းတစ်စုံကို အကြိမ်ကြိမ်ဖိကိုက်မိလို့  သွှေးခြေလည်း ဥခဲ့ရတယ်  သြော် အချစ်တစ်ခုကို စတင်မွှေးဖွားတည်းက နာကျင်မူတွေနဲ့အတူ ဖွင့်ဟပြောမယ်ကြံသော်လည်း နာကျင်မူတွေနဲ့ပါလားးးးးးးးးးးနာကျင်တာတွေများလာတဲ့ခါနင်ဆီကရလာမဲ့ အချစ်တွေက ငါအတွက် ကြင်နာမူတွေဖြစ်ခဲ့မယ်ဆိုရင် ငါ ၀မ်းသာလုံးဆိုပြီး အသက်ထွက်ကိန်းရှိတယ်...ကဲ ချစ်သူရေ  ငါ အားတင်းပီးဖွင့်ပြောလိုက်မယ်နော်   နင်ကို ငါချစ်တယ်.....။

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini