မုန်းတယ် နင်ကို (သို့မဟုက်) ငါကိုယ်ငါ.


 


ခိုလူံစရာခွင်သစ်မှာ....
အချစ်သစ်နဲ့ ပျော်နေတဲ့....
နင်မျက်နှာတော်ကို မြင်နေရတိုင်း...
ငါရဲ့ နှလုံးသားတွေ...
နာကျင်စွာနဲ့  ငိုကြွှေးနေတယ်...
နင်မချစ်တော့လို့ ထားခဲ့ပင်မဲ့...
မမေ့နိုင်သေးတဲ့ ငါစိက်တွေက..
နင်ဆီကိုပဲတစ်ဝဲလည်လည်နဲ့...
မျှော်လင့်နေသေးတယ်...
ငါ နင်ကို မုန်းတယ်...
အခုထိ မေ့လို့မရသေးလို့လေ...
ငါ နင်ကို မုန်းတယ်..
အခုထိ ချစ်နေတုန်းမို့လေ...
ငါ နင်ကို မုန်းတယ်....
အခုထိ နင်အကြောင်းတွေးနေတုန်းလေ...
ငါ နင်မုန်းတယ်...
နင်ငါကို ဆက်မချစ်တော့လို့လေ...
အဲဒါ အမုန်းတွေက စာသားသတ်သတ်ပါ...
ငါရင်တည်းမှာ မုန်းလို့မရပဲ...
ချစ်နေတဲ့ ငါကိုယ်ငါတော့ အရမ်းမုန်းတယ်...

1 comments:

  1. သငယ်ချင်းလေးရေ..ခံစားချက်အပြည့်နဲ့ ရေးထားလို့လားမသိဘူး..
    နာဖတ်ရင်းနဲ့ ဝမ်းနည်းမိတယ်

    ReplyDelete

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini