ကြုံဆုံခဲ့တဲ့ အဖြစ်အပျက်တွေ
ခုနေမှာ အတိတ်ဖြစ်သွားပေမဲ့
ကဝေ အတွက်တော့ အရိပ်လိုပါပဲ။
တစ်နေ့ တစ်ရက်မှ မေ့မရတော့
အအိပ်ပျက်တဲ့ ညတွေမှာ
နေရာယူတာလဲ ချစ်သူပါပဲ။
မျှော်လင့်ခြင်းတွေနဲ့ အမြဲပြည့်နေတဲ့
ကဝေ ရင်ထဲမှာ
နေ့ရက်တွေကို အမြန်သာ ကုန်စေလိုတယ်။
ချစ်သူနဲ့ ဝေးကွာ နေထိုင်ရတဲ့ဘဝ
အရာရာထက်နွမ်းလျတယ်။
ချစ်သူတော့ သိနိုင် မသိနိုင်
ကဝေ မသိပေမဲ့
ဒီနေ့တွေအထိ ကဝေ ရင်ထဲမှာ
အသေအချာ ချစ်သူ ရှိတာ
တိုင်တည်မထားပေမဲ့
သစ္စာ တစ်ခုလို ခိုင်မြဲနေပါတရ် …..။
0 comments
Tambahkan Komentar Anda