ချစ်သူရေ......
သတိရတရနဲ့ လွှမ်းဆွေးနေချိန်တွေမှာ
နင် ဘယ်ရင်ခွင်မှာ ပျော်ဝင်နေပါလိမ့်
ချစ်ခဲ့ဖူးတဲ့ ငါကို
နင် သတိမှရသေးရဲ့လား.....
အစွှမ်းကုန်ရှိသမျှအားတွေနဲ့
အော်မေးချင်ပင်မဲ့
ဖြေချင်ရဲ့လား မသိဖူး
ငါချစ်ခဲ့တာ အချစ်တစ်ခုတည်းပါ
အချစ်တစ်ခုအတွက် ငါနှလုံးသားတွေ
နာကျင်စွာခံစားနေရတာကို
နင် မြင်နေလား ချစ်သူ
နင်နိုင်ပါတယ် ဒီပွဲမှာပေါ့
အရူံးပေးပြီးသားချစ်သူရေ
နင်ရယ်နေပြုံးနေတာကို
ငါမြင်နေတွေနေရင်
ကျေနပ်နေမှာပါ
ငါကတော့ နင်မမြင်ကွယ်မှာနေလို့
နင်ရဲ့ အပျော်တွေကို ခံစားရုံသက်သက်
အဝေးက မျှော်လင့်နေမှာပါ
ပျော်ရွှင်ပါစေ ဆုတောင်းရင်း
ချစ်ခဲ့ဖူးတဲ့ ငါကို မေ့နိုင်ပါတယ် ချစ်သူ....။

0 comments
Tambahkan Komentar Anda