အဲဒီအခါ
ငါဟာ မြေကြီး
ရပ်တည်က ပေးဖို့မှမလိုတာ
သွားချင်ရင်လည်း သွားပေါ့
အဲဒီအခါ
ငါဟာ မြစ်တစ်စင်း
စုန်ဆင်းသွားရင်
ပြန်တက်မလာကြေး
ဝေးချင်ရင်လည်းဝေးပေါ့
ဟောဒီကမ္ဘာမှာ
အသည်းမကွဲဖူးသူရှိလို့လား
မေ့ချင်ရင်လည်းမေ့ပေါ့
ဖြစ်ပြီးရင် ပျက်တက်တဲ့
လောကမှာ
ဘယ်အရာမှ မတည်မြဲခြင်းအကြောင်း
ငါ ကောင်းကောင်းသိထားတယ်လေ
ဝမ်းနည်းချင်တဲ့အခါလည်း
ငါ ၀မ်းနည်းနေမှာပေါ့
နှလုံးသားဆိုတာ
ပျော်ရွှင်မူတစ်ခုတည်းအတွက်
သွှေးလှည်ပတ်နေတာမှမဟုက်တာ
ဒါပင်မဲ့
သူများထက်သာတာတစ်ခုက
ငါနာကျင်နေတဲ့အခါ
ငါနံဘေးမှာ
ငါချစ်တဲ့ ကဗျာတွေနဲ့ သီချင်းတွေရှိနေတယ်လေ...
အဲဒီအတွက် ငါ အရာရာ လက်ခံတက်ပီ....။
0 comments
Tambahkan Komentar Anda