အယူခံ


 
တွေဆုံခြင်းတွေရဲ့နောက်ကွှယ်က
ခွဲခွါရမဲ့နေ့ရက်တွေအတွက်
ငါကြိုတင်မဆွေးချင်ဖုး
ဒါပင်မဲ့
ကံကြမ္မာတစ်ခုအတွက်
ငါနှလုံးသားကို အစွှမ်းကုန်ပြင်ဆင်ထားတယ်
ဒါဏ်ရာတွေနဲ့မစွှန်းထင်းချင်လို့လေ
အိမ်မက်ဆိုတာ
မသိစိတ်ရဲ့ပြတင်းဆိုရင်
ဝင်လာတဲ့ချစ်ခြင်းအလင်းတွေအတွက်
ငါ အိမ်မက်တွေကို အဆုံးမသတ်ချင်သေးဘူး
ဒါကြောင့်
တောင်းဆိုပါရစေ...
ကောင်းကင်ရှိမှလမင်းသာတယ်ဆိုရင်
နင်ရဲ့နှလုံးသားကောင်းကင်မှာ
တစ်စင်းတည်းသောလမင်းအဖြစ်နဲ့သာ......။

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini