အပြောင်းအလဲ


မပီပြင်ဝိုးတ၀ါးနဲ့
မိုးညည်းတဲ့ညချမ်းမှ
တိတ်တခိုးဝင်ရောက်လာ
ပြုံးတုံလဲ့ သူမျက်နှာ
ချိုရှရှစကားတွေနဲ့
မကြားတကြားပြောခဲ့တယ်
သိပ်သတိရတယ်  တဲ့
ကြာင်နာအပြုံးနဲ့မမုန်းပါဘူး
ငါက သူရဲ့ အနီးဆုံးလူ   တဲ့
တစ်ကယ်တော့လေ
မိုးသားကင်းစင်
သူမျက်နှာမြင်ရတဲ့တစ်နေ့
တာဝန်အရ သူပြုံးပြ
အသုံးမကျတဲ့စကားလုံးတွေနဲ့ ကျွှေးမွှေး
အရေးမစိုက်ဟန်တွေနဲ့ပြုစု
မာယာအပြုံးတုတွေနဲ့ဧည့်ခံ
ခုတော့လည်း သူစိမ်းဆန်လိုက်တာ......။

0 comments

Tambahkan Komentar Anda

 
Copyright © 2012 ရင်ခုန်စေတတ်သောကဗျာသံစဉ်များ ~ Template By : Jasriman Sukri

Kamu bisa menulis deskripsi disini