တိမ်စိုင်....တိမ်ရိပ်
တစ်လိပ်လိပ်နဲ့
မည်းလို့မှောင်ကာ
မိုးကဖွဲဖွဲ
ရာသီအလိုက်
စိတ်အလိုတိုင်းဆို
မိုးထဲလေထဲ
ပြေးထွက်လိုက်ပြီး
ညစ်သမျှအတွေး
သွားစမ်း....အဝေးဆိုပြီး
လွှင့်ပစ်လိုက်ချင်ပေမယ့်
iPod ကိုဖွင့်
ရန်ကုန်မိုး သီချင်းနဲ့
အဆွေးသီချင်းတွေကြား
နှလုံးသားက အုံ့ကာမှိုင်းလို့
မိုးသား...မိုးရိပ်တွေလို
အတွေးတွေကလည်း ညို
0 comments
Tambahkan Komentar Anda