Home » ကဗျာ » ပြန်ဖတ်မိတဲ့ ကဗျာတစ်ပုဒ် Konten Lain di Sini
ပြန်ဖတ်မိတဲ့ ကဗျာတစ်ပုဒ်
စိတ်မကောင်းပါဘူး
နင်မလိုချင်တဲ့
လေးနက်တဲ့ အချစ်တစ်ခုပေးမိခဲ့လို့
စိတ်မကောင်းပါဘူး
နင့်မှာ ငါ့ထက်ချစ်ရမဲ့သူရှိမှန်း
မသိခဲ့လို့
စိတ်မကောင်းပါဘူး
အရာအားလုံးငါမသိအောင်
ဟန်ဆောင်ပေးခဲ့လို့
စိတ်မကောင်းပါဘူး
စောစော လမ်းမခွဲပေးခဲ့လို့
စိတ်မကောင်းပါဘူး
နင်စိတ်ချမ်းသာဖို့
ငါ့နှလုံးသားကို ကစားခဲ့လို့
စိတ်မကောင်းပါဘူး
ငါ့အပေါ်ရက်စက်ရက်သူက
နင်ဖြစ်နေလို့
စိတ်မကောင်းပါဘူး
အရာအားလုံးက ငါ့အပြစ်တွေပါ
စိတ်မကောင်းပါဘူး
ငါနင့်ကို မချစ်မိရင်
ဒါတွေဖြစ်လာမှာမဟုတ်ဘူး။ ။
0 comments
Tambahkan Komentar Anda