အရင်ကပေါ့ ငါကလေ
အလွှမ်းအကြောင်း အနမ်းအကြောင်း
မစဉ်းစားမိဘူး
အချစ်အကြောင်းဆိုတာ
စဉ်းစားမိဖို့ဝေးရောပေါ့
အဲဒီလိုချိန်မှာ နင်ရဲ့
စူးရုတဲ့ မျက်ဝန်းတစ်စုံနှင့်
ငါ ရင်ခုန်သံ စောင်းကြိုးကိုလူပ်ခတ်ကာ
ငါကို အချစ်အကြောင်း
နင် သင်ပေးခဲ့တယ်လေ
နင်နဲ့ချစ်ခဲ့ရတဲ့ ကာလတစ်လျှောက်မှာ
ပျာ်ရွှင်မူ ကြည့်နူးမူ ချမ်းမြေ့မူတွေအတွက်
ကျေးဇူးတင်ပါတယ် ချစ်သူ
ဒါပင်မဲ့ ချစ်သူ
တို့ မသိချင်တဲ့ အလွှမ်းအကြောင်းကိုလည်း
သင်မပေးဖို့ အကြိမ်ကြိမ်ပြောခဲ့ပင်မဲ့
နင် သင်ဖြစ်အောင်သင်ပေးသွားခဲ့တယ်လေ
အခုတော့ ငါ လွှမ်းတက်နေပီ ချစ်သူရေ

0 comments
Tambahkan Komentar Anda