ကိုယ်ကိုယ်ကိုယ်
အကြိမ်ကြိမ်အခါခါ အားပေးရင်း
နင်ကို မသိစိတ်ကနေ
တမ်းတနေမိတယ်
နင်နဲ့ ပတ်သက်လာရင်
အမှတ်တရမရှိဖူးရယ်လို့
သတ်မှတ်ခဲ့တဲ့ ငါ
နင်နဲ့အတူတူသွားခဲ့တဲ့နေရာလေးတွေကို
အမှတ်တမဲ့နှင့်ရောက်ရောက်နေမိတယ်
ချစ်စိမ်းနှင့်မိတ်သလိင်
သူကြင်မှ ကိုယ်ကြင်လို့
အားမာန်အပြည့်နှင့် ပြောခဲ့တဲ့ ငါ
နင်ဘေးမှာ ကြင်သူသစ်လေးရှိနေပင်မဲ့
ငါဘေးက နင်ထွက်ခွါသွားတဲ့ နောက်
အဖော်မရှာသေးတာ ခုထိပါ
နားလည်မူအလွဲတွေနဲ့
လမ်းခွဲခဲ့ပင်မဲ့
ဘာရယ်မဟုက် နင်နဲ့ ဖုန်းပြောတဲ့
နေပတွေ ညတွေကို ပြန်အမှတ်ရရင်း
ခုလည်းပဲ တယ်လီဖုန်း မြည်သံလေးကို
မျှော်နေမိတယ်
(သိပ်ချစ်တယ် ချစ်သူရယ်)
ဘယ်လိုပဲ ဖြေဖျောက်နှစ်သိပ်နေပါစေ
အတွေးထဲက ရုန်းထွက်မသွားတဲ့
နင်ပုံရိပ်တွေကို
ရင်ခုန်ယစ်မူးသာယာဆဲမို
နင်ကို ခဏခဏ မုန်းနေမိတဲ့
ငါနှလုံးသားကို ဒဏ်ခတ်ရင်း
ငါ နင်ကို ဆက်ချစ်နေမယ်နော်....။
0 comments
Tambahkan Komentar Anda